top of page
1.png

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များရဲ့ လုံခြုံစိတ်ချရတဲ့ ရင်းနှီးမြှုပ်နှံမှု နိဗ္ဗာန်ဘုံဖြစ်လာသည့် 𝐔𝐀𝐄

ယနေ့ခေတ်ရဲ့ကမ္ဘာ့နိုင်ငံရေးနှင့် စီးပွားရေး မတည်ငြိမ်မှုများကြားမှာ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များအနေနဲ့ ၎င်းတို့ရဲ့မိသားစုများနဲ့ ပိုင်ဆိုင်မှုများကို လုံခြုံစိတ်ချရတဲ့နေရာများသို့ရွှေ့ပြောင်းဖို့ အပြိုင်အဆိုင် ကြိုးစားလာခဲ့ကြပါတယ်။
တည်ငြိမ်မှု၊ ခိုင်မာသောဘဏ္ဍာရေးစနစ်များနဲ့ ရေရှည်လုံခြုံရေးတို့ကိုပေးစွမ်းနိုင်တဲ့နေရာများကို အဓိကထားရွေးချယ်လာကြသည့်အပြင် "နိုင်ငံသားဖြစ်ခွင့်" ဆိုတာကို ရိုးရိုးနေထိုင်ခွင့်ထက် ပိုပြီး "တန်ဖိုးရှိတဲ့ပိုင်ဆိုင်မှု (𝐀𝐬𝐬𝐞𝐭)" တစ်ခုအဖြစ်သတ်မှတ်လာကြတာဖြစ်ပါတယ်။
ဒါကြောင့် ကမ္ဘာ့ချမ်းသာကြွယ်ဝသူများကြားမှာ နိုင်ငံရွှေ့ပြောင်းခြင်းဟာ ယခုဆယ်စုနှစ်ရဲ့ အကြီးမားဆုံးစီးပွါးရေးလမ်းကြောင်းများ တစ်ခုဖြစ်လာခဲ့ပါတယ်။
အခုလိုနိုင်ငံရွှေ့ပြောင်းကြရာမှာ 𝐔𝐀𝐄 နိုင်ငံဟာ နံပတ် (၁) ရွေးချယ်ခံရမှုအများဆုံးနိုင်ငံအဖြစ် ဗိုလ်စွဲလျက်ရှိလို့နေပါတယ်။

ဘာကြောင့် 𝐔𝐀𝐄 ကိုရွေးချယ်မှုအများဆုံးဖြစ်နေရတာလဲ?

စံချိန်တင်ရွှေ့ပြောင်းမှု:
၂၀၂၅ ခုနှစ်အတွင်းမှာတင် 𝐔𝐀𝐄 နိုင်ငံဟာ ကမ္ဘာတစ်ဝှမ်းမှ သန်းကြွယ်သူဌေးပေါင်း ၉,၈၀၀ ကျော်ကို ဆွဲဆောင်နိုင်ခဲ့ပြီး ဒါဟာ ကမ္ဘာ့အမြင့်ဆုံးစံချိန်တစ်ခုဖြစ်ပါတယ်။

အခွန်ကင်းလွတ်ခွင့်:
ဝင်ငွေခွန် (𝐏𝐞𝐫𝐬𝐨𝐧𝐚𝐥 𝐈𝐧𝐜𝐨𝐦𝐞 𝐓𝐚𝐱)၊ ကြွယ်ဝမှုခွန် (𝐖𝐞𝐚𝐥𝐭𝐡 𝐓𝐚𝐱) နဲ့ အမြတ်ခွန် (𝐂𝐚𝐩𝐢𝐭𝐚𝐥 𝐆𝐚𝐢𝐧𝐬 𝐓𝐚𝐱) တွေ မရှိခြင်းက ရင်းနှီးမြှုပ်နှံသူများအတွက် အကြီးမားဆုံး ဆွဲဆောင်မှုပါ။

𝐆𝐨𝐥𝐝𝐞𝐧 𝐕𝐢𝐬𝐚 အစီအစဉ်:
𝐔𝐀𝐄 ရဲ့အိမ်ခြံမြေမှာ ရင်းနှီးမြှုပ်နှံမှုလုပ်ရုံနဲ့ ရရှိနိုင်မယ့် မိသားစုတစ်ခုလုံး ရေရှည်နေထိုင်ခွင့် (𝐆𝐨𝐥𝐝𝐞𝐧 𝐕𝐢𝐬𝐚) ဟာ အနာဂတ်အတွက် အကောင်းဆုံး အာမခံချက်ဖြစ်လာပါတယ်။

လုံခြုံမှုနဲ့ တည်ငြိမ်မှု:
𝐔𝐊 နိုင်ငံမှသန်းကြွယ်သူဌေး ၁၆,၅၀၀ ကျော် ထွက်ခွါခဲ့ပြီး ဥရောပနဲ့ 𝐔𝐊 လို နိုင်ငံများမှာ မူဝါဒအပြောင်းအလဲများကြောင့် ထွက်ခွါနေကြချိန်တွင် 𝐔𝐀𝐄 ရဲ့ ခိုင်မာတဲ့ တရားဥပဒေနဲ့ စီးပွါးရေးလုပ်ငန်းရှင်များအတွက် အဆင်ပြေစေမည့် စီးပွါးရေးစနစ်တို့က ယုံကြည်မှုကို ပေးစွမ်းစေတာဖြစ်ပါတယ်။

ဗဟိုချက်ကျတည်နေရာ:
𝐔𝐀𝐄 နိုင်ငံဟာဆိုရင် အာရှ၊ ဥရောပ နဲ့ အာဖရိက တိုက်ကြီး (၃) ခုရဲ့ ဆုံမှတ်နေရာတွင်တည်ရှိခြင်းကြောင့် ကမ္ဘာ့ကုန်သွယ်ရေးနဲ့ စီးပွါးရေးလုပ်ငန်းများအတွက် အချက်အချာကျတဲ့တည်နေရာကိုပိုင်ဆိုင်ထားတာဖြစ်ပါတယ်။

ကမ္ဘာ့လူချမ်းသာများရဲ့ ပိုင်ဆိုင်မှုရွှေ့ပြောင်းခြင်းလမ်းကြောင်းကို နားလည်ခြင်းကနေ စမတ်ကျတဲ့ ရင်းနှီးမြှုပ်နှံမှုတွေဟာ ဘယ်ကို ဦးတည်နေသလဲဆိုတာကို ကြိုတင်မြင်နိုင်စေမှာဖြစ်ပြီး အခုလိုအကြောင်းအရာများကြောင့် အိမ်ခြံမြေရင်းနှီးမြှုပ်နှံသူများအနေနဲ့ နိုင်ငံတကာမှ ဝယ်လိုအား တရိပ်ရိပ် မြင့်တက်လာခြင်း

အချက်အချာကျသော မြို့ကြီးများတွင် ခိုင်မာသော အိမ်ငှားရမ်းခ ဈေးကွက်ရှိခြင်း

ရေရှည်တွင် ပိုင်ဆိုင်မှုတန်ဖိုးများ သိသိသာသာ မြင့်တက်လာနိုင်သည့် အလားအလာ အစရှိတဲ့ အခွင့်အလမ်းကောင်းများစွာရရှိလာစေမှာဖြစ်ပါတယ်။

မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေဟာ ပြည့်စုံတဲ့ဗဟုသုတတွေပေါ်မှာ အခြေခံတာကြောင့် 𝐔𝐀𝐄 ရဲ့ အိမ်ခြံမြေဈေးကွက်အလားအလာများနဲ့အတူ မိတ်ဆွေတို့ရဲ့ ခိုင်မာပြီးစမတ်ကျတဲ့ရင်းနှီးမြှုပ်နှံမှုများအတွက် အသေးစိတ်ဆွေးနွေးတိုင်ပင်လိုပါက ကျွန်တော်တို့ 𝐒𝐀𝐀𝐂 𝐈𝐧𝐯𝐞𝐬𝐭𝐦𝐞𝐧𝐭𝐬 𝐏𝐭𝐞 𝐋𝐭𝐝 အချိန်မရွေး ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ။

bottom of page