top of page
1.png

"လူတွေ ကြောက်လန့်နေချိန်မှာ ကိုယ်က လောဘကြီးပါ" ဆိုတဲ့ Warren Buffett’s ရဲ့ စကားကို ကြားဖူးကြပါလိမ့်မယ် 

 

အိမ်ခြံမြေ စျေးကွက် အနည်းငယ် အရောင်းအေးသွားတဲ့အချိန်မှာ သာမန်လူတွေက လက်တွန့်သွားတတ်ကြပေမယ့် ပါးနပ်တဲ့ ရင်းနှီးမြှုပ်နှံသူ တွေအတွက်တော့ ဒါဟာ "အကောင်းဆုံး ရွှေခေတ်" ပါပဲ 🏗️💰

🔥 𝐂𝐚𝐬𝐡 𝐢𝐬 𝐊𝐢𝐧𝐠 စနစ်ဖြင့် 𝐃𝐢𝐬𝐭𝐫𝐞𝐬𝐬𝐞𝐝 𝐌𝐚𝐫𝐤𝐞𝐭 ကို သိမ်းပိုက်ခြင်း
စျေးကွက် လည်ပတ်မှု နှေးကွေးသွားတဲ့အခါ အကြောင်း အမျိုးမျိုးကြောင့် (သို့မဟုတ်) ငွေကြေး အကျပ်အတည်းကြောင့် မိမိတို့ရဲ့ အိမ်ခြံမြေကို စျေးကွက်ပေါက်စျေးထက် အမြန် လျှော့ရောင်းချင်တဲ့သူတွေ ရှိလာတတ်ပါတယ်၊ ဒီလို အချိန်မှာ ငွေသား အရန်အသင့်ရှိထားသူတွေက စျေးအနိမ့်ဆုံးနဲ့ အမိအရ ဖြတ်ဝယ်လေ့ရှိကြပါတယ်

ဝယ်လိုက်တဲ့ ပထမဆုံးနေ့ကတည်းက စျေးကွက်တန်ဖိုးထက် သက်သာနေတာကြောင့် Instant Equity Gain ရရှိပြီးသားဖြစ်လို့ စျေးကွက် ဘယ်လိုပဲဖြစ်ဖြစ် အရှုံးမရှိတော့တဲ့ ဗျူဟာပဲ ဖြစ်ပါတယ်

🔥 𝐃𝐞𝐯𝐞𝐥𝐨𝐩𝐞𝐫 များရဲ့ အကျိုးခံစားခွင့်ကို အမိအရ ရယူခြင်း
စျေးကွက် အေးနေချိန်မှာ နာမည်ကြီး Developer တွေဟာ ရောင်းအားကို ထိန်းထားဖို့အတွက် ဝယ်ယူသူတွေဘက်က အလွန်အမင်း သက်သာစေမယ့် Exclusive Offers တွေကို ထုတ်ပေးလာတတ်ပါတယ်အိမ်အပ်ပြီးမှ ၃ နှစ်မှ ၅ နှစ်အထိ အတိုးမဲ့ ဆက်လက် ပေးချေနိုင်မယ့် Plan မျိုးတွေဟာ ကနဦးစိုက်ထုတ်ရမယ့် Upfront Capital ကို အနည်းဆုံးဖြစ်အောင် လျှော့ချပေးတတ်ကြပါတယ်။
 

ဒါ့အပြင် ဝန်ဆောင်ခ ကင်းလွတ်ခွင့် ပေးတာမျိုးတွေကိုပါ အခွင့်အရေးရယူပြီး အရင်းအနှီးနည်းနည်းနဲ့ စျေးကွက်ပြန်တက်ချိန်မှာ Leverage အသုံးချကာ အမြတ်ကို ရှာဖွေကြပါတယ်

🔥 အနာဂတ် 𝐈𝐧𝐟𝐫𝐚𝐬𝐭𝐫𝐮𝐜𝐭𝐮𝐫𝐞 ရှိမယ့် 𝐋𝐨𝐜𝐚𝐭𝐢𝐨𝐧 ကိုသာ ပစ်မှတ်ထားခြင်း
စျေးကွက် ဘယ်လောက်ပဲ မတည်ငြိမ်ပါစေ၊ နေရာကောင်းရဲ့ တန်ဖိုးကတော့ ဘယ်တော့မှ ကျမသွားပါဘူး၊ အချက်အချာကျတဲ့ နေရာတွေမှာရှိတဲ့ အိမ်ရာတွေဟာ ဘယ်လို အခြေအနေမျိုးမှာမဆို ဝယ်လိုအားရော ငှားလိုအားပါ ခိုင်မာနေတတ်ပါတယ်

အထူးသဖြင့် အနာဂတ်မှာ မဟာဗျူဟာကျတဲ့ လမ်းပန်းဆက်သွယ်ရေး (ဥပမာ- Dubai Metro Line သစ်များ) ဖြတ်သန်းမယ့် နေရာတွေကိုသာ ရွေးချယ် ရင်းနှီးမြှုပ်နှံခြင်းက ရေရှည်မှာ ပိုင်ဆိုင်မှုတန်ဖိုးကို အလိုအလျောက် အဆမတန် မြင့်တက်စေမှာ ဖြစ်ပါတယ်

💡 ဒါကြောင့် စျေးကွက် အနည်းငယ် အေးနေတဲ့အချိန်ဟာ အရောင်းအဝယ် နားရမယ့် အချိန်မဟုတ်ဘဲ စျေးအသက်သာဆုံးနဲ့ အကောင်းဆုံး ယူနစ်တွေကို စိတ်ကြိုက် ရွေးချယ်ဝယ်ယူနိုင်မယ့် Buyers' Market ဖြစ်ပါတယ်

🇦🇪 ဒူဘိုင်း စျေးကွက်ရဲ့ အကောင်းဆုံးသော လျှော့စျေး Resale ယူနစ်များ၊ Flexible ဖြစ်မယ့် Post-handover Project များနှင့် Metro နဲ့ နီးတဲ့ စီမံကိန်းများကို အသေးစိတ် သိရှိလိုပါက အခုပဲ ဆက်သွယ် ဆွေးနွေးနိုင်ပါပြီ ခင်ဗျာ

viber_image_2026-06-02_15-33-26-509.jpg
691341773_122208286748441208_72909301472439014_n.jpg

Dubai Investor Visa အတွက် ပြောင်းလဲလိုက်တဲ့ စည်းမျဉ်းအသစ်

ဒူဘိုင်း အိမ်ခြံမြေ စျေးကွက်မှာ ရင်းနှီးမြှုပ်နှံဖို့ စဉ်းစားနေသူတွေအတွက် အတားအဆီးတွေ လျော့ကျသွားစေမယ့် သတင်းကောင်းတစ်ခု ရှိနေပါတယ်။

အဲဒါကတော့ 𝐃𝐮𝐛𝐚𝐢 𝐋𝐚𝐧𝐝 𝐃𝐞𝐩𝐚𝐫𝐭𝐦𝐞𝐧𝐭 (𝐃𝐋𝐃) ရဲ့ လမ်းညွှန်ချက် အသစ်အရ (၂) နှစ်သက်တမ်းရှိ 𝐈𝐧𝐯𝐞𝐬𝐭𝐨𝐫 𝐕𝐢𝐬𝐚 လျှောက်ထားရာမှာ အရင်ကထက် ပိုမိုလွယ်ကူသွားတာပဲ ဖြစ်ပါတယ်

အရင်ကဆိုရင် (၂) နှစ်ဗီဇာရဖို့ အနည်းဆုံး အိမ်ခြံမြေတန်ဖိုး AED 750,000 ဖိုး ရှိရမယ်လို့ သိထားကြပေမယ့် အခု 𝐃𝐋𝐃 𝐂𝐮𝐛𝐞 ရဲ့ လမ်းညွှန်ချက်အရ မိမိတစ်ဦးတည်း အမည်ပေါက်ပိုင်ဆိုင်သူ ဖြစ်ပါက အနည်းဆုံး ဝယ်ယူရမယ့် ပမာဏ ကန့်သတ်ချက်ကို ပယ်ဖျက်ပေးလိုက်ပြီ ဖြစ်ပါတယ်။

အိမ်ခြံမြေတစ်ခုကို တစ်ဦးထက်ပိုပြီး အမည်ပေါက် တွဲဖက် ပိုင်ဆိုင်ထားတယ်ဆိုရင်တော့ ဗီဇာလျှောက်ထားသူ တစ်ဦးချင်းစီရဲ့ ပိုင်ဆိုင်မှုတန်ဖိုးဟာ အနည်းဆုံး 𝐀𝐄𝐃 𝟒𝟎𝟎,𝟎𝟎𝟎 စီ ရှိရမှာ ဖြစ်ပါတယ်။

လူတိုင်းဟာ ဒူဘိုင်းမှာ ခြေလှမ်း စစချင်း AED 2 Million ကျော်တန်တွေကို မဝယ်ယူနိုင်သေးသော်လည်း၊ အခုလို ဖြေလျှော့ပေးလိုက်တာကြောင့် မိမိတတ်နိုင်တဲ့ ပမာဏနဲ့ ဒူဘိုင်းမှာ အိမ်ပိုင်ဆိုင်ခွင့် ရရှိမယ့်အပြင် နေထိုင်ခွင့်ဗီဇာကိုပါ အလွယ်တကူ ရရှိနိုင်တော့မှာ ဖြစ်ပါတယ်။ ဒါဟာ ဒူဘိုင်းစျေးကွက်ထဲကို ပိုမိုလွယ်ကူစွာ ဝင်ရောက်နိုင်ဖို့ ဖိတ်ခေါ်လိုက်တဲ့ ကြီးမားတဲ့ အပြောင်းအလဲတစ်ခုပါပဲခင်ဗျာ။

𝐃𝐮𝐛𝐚𝐢 မှာ အနည်းဆုံး 𝐀𝐄𝐃 𝟐 𝐦𝐢𝐥𝐥𝐢𝐨𝐧 တန်ဖိုးရှိတဲ့ အိမ်ခြံမြေတစ်ခုကို ရင်းနှီးမြှုပ်နှံလိုက်တာနဲ့ မိတ်ဆွေတို့အနေနဲ့ (၁၀) နှစ်သက်တမ်းရှိ 𝐆𝐨𝐥𝐝𝐞𝐧 𝐕𝐢𝐬𝐚 ကို လျှောက်ထားပိုင်ခွင့် ရရှိမှာ ဖြစ်ပါတယ်။ ဒါဟာ ရင်းနှီးမြှုပ်နှံမှုတင်မကဘဲ မိသားစုရဲ့ အနာဂတ်အတွက်ပါ ခိုင်မာတဲ့ အာမခံချက်တစ်ခု ဖြစ်ပါတယ်။
𝐆𝐨𝐥𝐝𝐞𝐧 𝐕𝐢𝐬𝐚 ကိုင်ဆောင်ထားသူတွေအနေနဲ့ ရရှိနိုင်မယ့် အကျိုးခံစားခွင့်များကတော့
ရေရှည်နေထိုင်ခွင့် (၁၀ နှစ်):

ပြန်လည်သက်တမ်းတိုးလို့ရတဲ့ (၁၀) နှစ်သက်တမ်းရှိ နေထိုင်ခွင့်ဗီဇာကို ရရှိမှာဖြစ်ပြီး 𝐔𝐀𝐄 နိုင်ငံမှာ စိတ်အေးချမ်းသာစွာ နေထိုင်နိုင်ပါတယ်။

638898966_122201035736441208_3059269053701085765_n.jpg
မိသားစုဝင်များကိုပါခေါ်ယူနိုင်ခြင်း:​

မိမိရဲ့ မိဘ၊ ဇနီး/ခင်ပွန်းနဲ့ သားသမီးတွေကိုပါ ဗီဇာလျှောက်ထားပေးနိုင်ပြီး အတူတကွ နေထိုင်ခွင့်ရရှိမှာပါ။

နိုင်ငံပြင်ပတွင်အချိန်ကြာမြင့်စွာနေထိုင်နိုင်ခြင်း:

ပုံမှန်ဗီဇာတွေလို ၆ လတစ်ကြိမ် ပြန်လာပြစရာမလိုဘဲ နိုင်ငံပြင်ပမှာ ကြိုက်သလောက်အချိန်ပေးနေထိုင်နိုင်ခွင့်ရှိပါတယ်။

𝐄𝐬𝐚𝐚𝐝 𝐂𝐚𝐫𝐝 အထူးခံစားခွင့်:

ဒူဘိုင်းရှိ ဆိုင်ပေါင်းများစွာ ကျန်းမာရေးဝန်ဆောင်မှုများနဲ့ ဖျော်ဖြေရေးနေရာများမှာ အထူးလျှော့စျေးများ ရရှိမယ့် 𝐄𝐬𝐚𝐚𝐝 𝐂𝐚𝐫𝐝 ကိုလည်း လျှောက်ထားနိုင်မှာဖြစ်ပါတယ်။

ဘဏ္ဍာရေးဆိုင်ရာအခွင့်အလမ်းများ:

ဘဏ်များမှ 𝐆𝐨𝐥𝐝𝐞𝐧 𝐕𝐢𝐬𝐚 ကိုင်ဆောင်ထားသူများအတွက် သီးသန့်သက်သာသော အိမ်ရာချေးငွေ (𝐌𝐨𝐫𝐭𝐠𝐚𝐠𝐞 𝐑𝐚𝐭𝐞𝐬) နှင့် ငွေကြေးထောက်ပံ့မှုပုံစံများကိုရရှိနိုင်မယ့်အပြင် 𝐏𝐞𝐫𝐬𝐨𝐧𝐚𝐥 𝐋𝐨𝐚𝐧𝐬 နဲ့ 𝐂𝐫𝐞𝐝𝐢𝐭 𝐅𝐚𝐜𝐢𝐥𝐢𝐭𝐢𝐞𝐬 များလျှောက်ထားနိုင်မှာဖြစ်ပါတယ်။

ရေရှည်ရင်းနှီးမြှုပ်နှံမှု:

အခွန်ကင်းလွတ်ခွင့်နဲ့ အိမ်ငှားခဝင်ငွေ (𝐑𝐞𝐧𝐭𝐚𝐥 𝐘𝐢𝐞𝐥𝐝) မြင့်မားတဲ့ ဒူဘိုင်းဈေးကွက်မှာ အကျိုးအမြတ် ရရှိစေမှာပါ။

640272797_122201035820441208_6514110453487107253_n.jpg
639661948_122201035868441208_1539827986727759957_n.jpg
Black and Gold Elegant Islamic Background Instagram Post.jpg
640563361_122201035952441208_2255688781116374395_n.jpg
638842684_122201035994441208_2415098710194839984_n.jpg
640114263_122201035778441208_6506693566837553727_n.jpg

𝐔𝐀𝐄 𝐆𝐨𝐥𝐝𝐞𝐧 𝐕𝐢𝐬𝐚 ကိုင်ဆောင်သူများအတွက် အကျိုးခံစားခွင့်အသစ်များ

𝐔𝐀𝐄 နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနကနေ 𝐆𝐨𝐥𝐝𝐞𝐧 𝐕𝐢𝐬𝐚 ကိုင်ဆောင်ထားသူများအတွက် ယခင်ကရရှိထားတဲ့အကျိုးခံစားခွင့်များအပြင် အကျိုးခံစားခွင့်အသစ်များကိုပါ ထပ်မံတိုးပေးလိုက်သည့်အကြောင်းကိုကြေညာသွားပေးခဲ့ပါတယ်။ ကြေညာချက်အရ 𝐆𝐨𝐥𝐝𝐞𝐧 𝐕𝐢𝐬𝐚 ကိုင်ဆိုင်ထားသူများအနေနဲ့ 𝐔𝐀𝐄 နိုင်ငံသားများအတွက်သာခံစားခွင့်ရှိတဲ့ အကျိုးခံစားခွင့်များကိုရရှိသွားမှာဖြစ်ပါတယ်။ 𝐆𝐨𝐥𝐝𝐞𝐧 𝐕𝐢𝐬𝐚 ဖြင့် ၁၀ နှစ်တာနေထိုင်ခွင့်ရရှိထားသူများအနေနဲ့ အခြားနိုင်ငံများသို့ ခရီးသွားရောက်သည့်အခါတွင် 𝐔𝐀𝐄 ၏ ကောင်စစ်ဝန် ဝန်ဆောင်မှုများကိုရရှိနိုင်တော့မှာဖြစ်ပါတယ်။

ထိုဝန်ဆောင်မှုများအနေနဲ့

၁။ 𝐆𝐨𝐥𝐝𝐞𝐧 𝐕𝐢𝐬𝐚 ကိုင်ဆောင်ထားသူတစ်ဦးအနေနဲ့ အခြားနိုင်ငံသို့ရောက်ရှိနေစဉ်တွင် ၎င်း၏ 𝐩𝐚𝐬𝐬𝐩𝐨𝐫𝐭 ပျက်စီး၊ ပျောက်ဆုံးခြင်းများဖြစ်ပေါ်ခဲ့ပါက ဝန်ကြီးဌာန၏ပံ့ပိုးကူညီမှုဖြင့် (၇) ရက်တာသက်တမ်းရှိသည့် 𝐔𝐀𝐄 သို့ ပြန်လည်ဝင်ရောက်ခွင့်ပြုသည့် 𝐞𝐥𝐞𝐜𝐭𝐫𝐨𝐧𝐢𝐜 စာရွက်စာတမ်းကို စီစဉ်ပေးသွားမှာဖြစ်ပါတယ်။

568536476_122187229832441208_5041821411055056095_n.jpg

၂။ 𝐆𝐨𝐥𝐝𝐞𝐧 𝐕𝐢𝐬𝐚 ကိုင်ဆောင်ထားသူများအတွက် အရေးတကြီးအကူညီလိုအပ်သည်များကို စုံစမ်းမေးမြန်းနိုင်ရန် ၂၄နာရီ 𝐇𝐨𝐭𝐥𝐢𝐧𝐞 ကို 𝐌𝐢𝐧𝐢𝐬𝐭𝐫𝐲 𝐨𝐟 𝐅𝐨𝐫𝐞𝐢𝐠𝐧 𝐀𝐟𝐟𝐚𝐢𝐫𝐬 မှတည်ထောင်ပေးမှာဖြစ်ပါတယ်။

568206734_122187229874441208_765777207772172509_n.jpg

၃။ နိုင်ငံရပ်ခြားသို့ ရောက်ရှိနေစဉ်ကာလအတွင်း သဘာဝဘေးအန္တာရယ်ကဲ့သို့ အခက်အခဲအကျပ်အတည်းကိစ္စရပ်များဖြစ်ပေါ်ပါက နိုင်ငံတော်မှဘေးလွတ်ရာသို့ရွှေ့ပြောင်းခြင်းနှင့် အရေးပေါ်အစီအစဉ်များစီစဉ်ပေးရာတွင် 𝐔𝐀𝐄 နိုင်ငံသားများနဲ့အတူ ထည့်သွင်းစီစဉ်ပေးသွားမှာဖြစ်ပါတယ်။

569042306_122187237878441208_8658660434778441312_n.jpg

၄။ ဒါ့အပြင် 𝐆𝐨𝐥𝐝𝐞𝐧 𝐕𝐢𝐬𝐚 ကိုင်ဆောင်သူများ နိုင်ငံခြားတွင် ကွယ်လွန်သွားခဲ့ပါက ကျန်ရစ်သူမိသားစုများအတွက်ပံ့ပိုးမှုများ၊ လိုအပ်သည့်ကောင်စစ်ဝန်နှင့် လုပ်ထုံးလုပ်နည်းအဆင့်များကို လျင်မြန်စွာ အဆင်ပြေချောမွေ့စေပြီး နေရပ်သို့ပြန်ပို့ခြင်း၊ သင်္ဂြိုဟ်ခြင်းတို့ကိုလည်း ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။

567703916_122187237920441208_4847152987902268241_n.jpg

အခုလိုအကျိုးခံစားခွင့်များအပြင် 𝐔𝐀𝐄 𝐆𝐨𝐥𝐝𝐞𝐧 𝐕𝐢𝐬𝐚 နှင့်ပတ်သက်ပြီးအသေးစိတ်များကို သိရှိလိုပါက ကျွန်တော်တို့ 𝐒𝐀𝐀𝐂 𝐈𝐧𝐯𝐞𝐬𝐭𝐦𝐞𝐧𝐭𝐬 ကိုအချိန်မရွေးဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ။

𝐃𝐮𝐛𝐚𝐢 𝐌𝐞𝐭𝐫𝐨 𝐆𝐨𝐥𝐝 𝐋𝐢𝐧𝐞

ဒူဘိုင်း အိမ်ခြံမြေလောကမှာ ရင်းနှီးမြှုပ်နှံသူတွေအတွက် "ရွှေ" လို အဖိုးတန်တဲ့ သတင်းကောင်းတစ်ခု ရှိနေပါတယ်။

အဲဒါကတော့ ဒူဘိုင်းအစိုးရရဲ့ လမ်းပန်းဆက်သွယ်ရေး RTA ကနေ ချပြလိုက်တဲ့ ဒေါ်လာ ၉ ဘီလီယံကျော် (AED 34 Billion) အကုန်အကျခံ တည်ဆောက်မယ့် 𝐃𝐮𝐛𝐚𝐢 𝐌𝐞𝐭𝐫𝐨 𝐆𝐨𝐥𝐝 𝐋𝐢𝐧𝐞 စီမံကိန်းကြီးပဲ ဖြစ်ပါတယ် ခင်ဗျာ။

Gold Line ဟာ ၄၂ ကီလိုမီတာ အရှည်ရှိပြီး ဘူတာရုံပေါင်း ၁၈ ခု ပါဝင်မှာပါ၊ ထူးခြားချက်ကတော့ လမ်းကြောင်းတစ်ခုလုံးဟာ မြေအောက်ကနေပဲ ဖြတ်သန်းသွားမယ့် Fully Integrated Underground Route ဖြစ်တာကြောင့် မြို့ပြအင်္ဂါရပ်ကို ပိုမိုလှပစေရုံတင်မကဘဲ ပိုမိုမြန်ဆန်တဲ့ ခရီးသွားလာမှုကို ပေးစွမ်းနိုင်မှာပါ။

ဒီရထားလိုင်းသစ်ဟာ ဒူဘိုင်းရဲ့ လူနေထူထပ်ပြီး စီးပွားရေးအရ အချက်အချာကျတဲ့ နေရာတွေကို တိုက်ရိုက်ချိတ်ဆက်ပေးမှာ ဖြစ်ပါတယ်။

Al Ghubaiba မှ Jumeirah Golf Estates အထိ

Bur Dubai, Satwa, Meydan

Al Barsha South, JVT နှင့် Production City

ဒါ့အပြင် လက်ရှိ Red Line၊ Green Line တွေနဲ့ ဆုံတွေ့မယ့်အပြင် Etihad Rail နဲ့ပါ ချိတ်ဆက်သွားမှာ ဖြစ်လို့ သယ်ယူ ပို့ဆောင်ရေးကဏ္ဍမှာ ထူးခြားတဲ့ အရွေ့ တစ်ခု ဖြစ်လာတော့မှာပါ။

သမိုင်းကြောင်းအရ ကြည့်မယ်ဆိုရင် ဒူဘိုင်းမှာ Metro Station နဲ့ နီးစပ်တဲ့ အိမ်ခြံမြေတွေဟာ အခြားနေရာတွေထက် Capital Appreciation ပိုမိုမြင့်မားလေ့ရှိပါတယ်။

၂၀၃၂ ခုနှစ်မှာ အပြီးသတ်မယ့် ဒီစီမံကိန်းကြောင့် ရထားလမ်းကြောင်းဖြတ်သန်းမယ့် နေရာ တစ်လျှောက်မှာရှိတဲ့ Project တွေဟာ အခုကတည်းက စောင့်ကြည့် ရင်းနှီးမြှုပ်နှံသင့်တဲ့ နေရာတွေ ဖြစ်လာပါတယ်။

အိမ်ငှားရမ်းခ စျေးကွက်ပိုင်းမှာလည်း Metro နီးတာကြောင့် အမြဲတမ်း Demand ရှိနေမှာ အသေအချာပါပဲ။

ဒီစီမံကိန်းဟာ ဒူဘိုင်း Metro ကွန်ရက်ကို ၂၅% ပိုမို ကျယ်ပြန့်သွားစေမှာဖြစ်ပြီး ၂၀၄၀ ခုနှစ်မှာ နေ့စဉ် ခရီးသည်ပေါင်း ၄ သိန်းခွဲကျော်ကို ဝန်ဆောင်မှုပေးနိုင်ဖို့ ရည်မှန်းထားပါတယ် ဒါဟာ ဒူဘိုင်းမြို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုဟာ ဘယ်လောက်အထိ အရှိန်အဟုန်ပြင်းနေတယ်ဆိုတာကို ပြသနေတာပါ။

မိတ်ဆွေဟာ ဒူဘိုင်းမှာ ရေရှည်အတွက် တန်ဖိုးတက်မယ့် အိမ်ခြံမြေကို ရှာဖွေနေတယ်ဆိုရင် Gold Line ဖြတ်သန်းမယ့် လမ်းကြောင်းတွေပေါ်က Project တွေကို အခုကတည်းက လက်ဦးမှုယူထားဖို့ တိုက်တွန်းချင်ပါတယ် စျေးကွက်မပေါက်ခင် အချိန်မီ ရင်းနှီးမြှုပ်နှံခြင်းကသာ အမြင့်မားဆုံး အကျိုးအမြတ်ကို ရရှိစေမှာပါ။

688941648_122208106796441208_8548522315573930433_n.jpg

ဒူဘိုင်းရဲ့ အနာဂတ် Project တွေနဲ့ Metro နီးတဲ့ အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းတွေကို အသေးစိတ် သိရှိလိုပါက Dubai Property Investment ကိုအခုပဲ ဆက်သွယ် မေးမြန်းနိုင်ပါတယ်ခင်ဗျာ။

ကမ္ဘာတစ်ဝှမ်းမှ ရင်းနှီးမြှုပ်နှံသူတွေက ဘာကြောင့် 𝐃𝐮𝐛𝐚𝐢 အိမ်ခြံမြေကိုစိတ်ဝင်စားနေကြတာလဲ?

မကြာသေးခင်နှစ်များမှစလို့ 𝐃𝐮𝐛𝐚𝐢 အိမ်ခြံမြေများဟာ ကမ္ဘာတစ်ဝှမ်းမှဝယ်ယူသူများကို ဆွဲဆောင်နိုင်ခဲ့ပြီး ကမ္ဘာ့အိမ်ခြံမြေစျေးကွက်ရဲ့ ထိပ်ဆုံးမှဦးဆောင်နေတဲ့ နေရာတစ်ခုအဖြစ် ရပ်တည်လာခဲ့ပါတယ်။
ဒီနေ့မှာတော့ ကျွန်တော်တို့ 𝐒𝐀𝐀𝐂 𝐈𝐧𝐯𝐞𝐬𝐭𝐦𝐞𝐧𝐭𝐬 ကနေ 𝐃𝐮𝐛𝐚𝐢 အိမ်ခြံမြေစျေးကွက်ရဲ့ လက်ရှိကမ္ဘာမှာ 𝐇𝐨𝐭 အဖြစ်ဆုံးဖြစ်နေရတဲ့အကြောင်းအရင်းနဲ့ 𝐃𝐮𝐛𝐚𝐢 အိမ်ခြံမြေစျေးကွက်ရဲ့ အားသာချက်များကိုပြောပြပေးသွားမှာဖြစ်ပါတယ်။

၁။ အခွန်ကင်းလွတ်ခွင့် (𝐓𝐚𝐱-𝐅𝐫𝐞𝐞):
𝐃𝐮𝐛𝐚𝐢 မှာ အိမ်ခြံမြေဝယ်ယူပါက ဝင်ငွေခွန်၊ အမြတ်ခွန်နဲ့ အိမ်ခြံမြေခွန်တွေ ပေးဆောင်စရာ မလိုပါဘူး။ ဒါဟာ ရင်းနှီးမြှုပ်နှံသူတွေအတွက် အကျိုးအမြတ် ပိုမိုရရှိစေပါတယ်။

၂။ တိုးတက်နေသော စီးပွားရေး:
ခရီးသွားလုပ်ငန်း၊ ကုန်သွယ်ရေးနဲ့ ငွေကြေးဝန်ဆောင်မှု ကဏ္ဍတွေကြောင့် 𝐃𝐮𝐛𝐚𝐢 ရဲ့ စီးပွားရေးဟာ အဆက်မပြတ် ဖွံ့ဖြိုးနေပါတယ်။ ခိုင်မာတဲ့ စီးပွါးရေးစနစ်ရှိခြင်းက တည်ငြိမ်တဲ့အိမ်ခြံမြေစျေးကွက်နဲ့ ဆက်လက်ဖွံ့ဖြိုးဖို့ အခွင့်အလမ်းများစွာရှိစေပါတယ်။

၃။ လုံခြုံစိတ်ချရမှု:
𝐃𝐮𝐛𝐚𝐢 ဟာ ကမ္ဘာ့အလုံခြုံဆုံး မြို့ကြီးများစာရင်းမှာ အမြဲပါဝင်ပြီး နိုင်ငံရေးအရလည်း တည်ငြိမ်မှုရှိတာကြောင့် ရင်းနှီးမြှုပ်နှံမှုအတွက် စိတ်ချရစေပါတယ်။

၄။ လူဦးရေ တိုးတက်လာမှု:
နိုင်ငံတကာမှကျွမ်းကျင်ပညာရှင်တွေနဲ့ နေထိုင်သူတွေ တိုးပွားလာတာကြောင့် အိမ်ရာလိုအပ်ချက် (𝐃𝐞𝐦𝐚𝐧𝐝) အမြဲ မြင့်မားလျက်ရှိနေပါတယ်။

၅။ မြင့်မားသောအိမ်ငှားရမ်းခအကျိုးအမြတ် (𝐇𝐢𝐠𝐡 𝐑𝐞𝐧𝐭𝐚𝐥 𝐘𝐢𝐞𝐥𝐝):
𝐃𝐮𝐛𝐚𝐢 ရဲ့အိမ်ငှါးရမ်းခအကျိုးအမြတ်ဟာ ပျမ်းမျှ ၆.၈% ဝန်းကျင်ရှိပြီး တိုက်ခန်းတွေဆိုရင် ၇.၃% အထိ ရနိုင်ပါတယ်။ ဒါဟာ တခြားကမ္ဘာ့မြို့ကြီးတွေထက် အများကြီးပိုမိုမြင့်မားတာဖြစ်ပါတယ်။

၆။ ခရီးသွားလုပ်ငန်းထွန်းကားခြင်း:
ကမ္ဘာလှည့်ခရီးသည် အများအပြား လာရောက်တာကြောင့် 𝐒𝐡𝐨𝐫𝐭-𝐭𝐞𝐫𝐦 𝐫𝐞𝐧𝐭𝐚𝐥 လုပ်ငန်းတွေအတွက်လည်း အခွင့်အလမ်းကောင်းများရှိပါတယ်။

၇။ ခိုင်မာသောရင်းနှီးမြှုပ်နှံမှု အကျိုးအမြတ် (𝐑𝐎𝐈):
𝐃𝐮𝐛𝐚𝐢 ရဲ့ အိမ်ငှါးခအကျိုးအမြတ်ရာခိုင်နှုန်း (𝐑𝐞𝐧𝐭𝐚𝐥 𝐘𝐢𝐞𝐥𝐝𝐬) ဟာ အလွန်မြင့်မားပြီး 𝐂𝐚𝐩𝐢𝐭𝐚𝐥 𝐀𝐩𝐩𝐫𝐞𝐜𝐢𝐚𝐭𝐢𝐨𝐧 အိမ်ခြံမြေရဲ့ ကာလပေါက်ဈေးဟာလည်း အချိန်နဲ့အမျှတန်ဖိုးတက်လာခြင်းကြောင့် အကျိုးအမြတ်များပြားတဲ့ ရင်းနှီးမြှုပ်နှံမှုဖြစ်စေပါတယ်။

Knowledge Sharing Dubai (1).png
Knowledge Sharing Dubai.png

၈။ ဈေးနှုန်း ယှဉ်ပြိုင်နိုင်စွမ်းရှိခြင်း:
𝐋𝐨𝐧𝐝𝐨𝐧 ဒါမှမဟုတ် 𝐍𝐞𝐰 𝐘𝐨𝐫𝐤 တို့လိုမြို့ကြီးတွေနဲ့ ယှဉ်လျင် 𝐃𝐮𝐛𝐚𝐢 ရဲ့ 𝐋𝐮𝐱𝐮𝐫𝐲 အိမ်ခြံမြေဈေးနှုန်းတွေဟာ ပိုမိုသက်သာပြီ အရည်အသွေး ပိုကောင်းပါတယ်။

၉။ ကမ္ဘာ့အဆင့်မီ အခြေခံအဆောက်အအုံများ:
လမ်းပန်းဆက်သွယ်ရေး၊ ဆေးရုံ၊ ကျောင်းနဲ့ နည်းပညာပိုင်းဆိုင်ရာတွေမှာ အလွန်ခေတ်မီပါတယ်။

၁၀။ ဗီဇာ အခွင့်အလမ်းများ:
𝐃𝐮𝐛𝐚𝐢 မှာ အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံခြင်းဖြင့် ၁၀ နှစ်သက်တမ်းရှိ 𝐆𝐨𝐥𝐝𝐞𝐧 𝐕𝐢𝐬𝐚 လိုမျိုး ရေရှည်နေထိုင်ခွင့် ဗီဇာတွေကို လျှောက်ထားနိုင်ပါတယ်။

၁၁။ အချက်အချာကျသောတည်နေရာ:
ဥရောပ၊ အာရှနဲ့ အာဖရိက ကြားမှာ ရှိနေတာကြောင့် ကမ္ဘာ့စီးပွားရေး ဗဟိုချက်မတစ်ခု ဖြစ်နေပါတယ်။

၁၂။ စနစ်တကျထိန်းကွပ်ထားသောဈေးကွက်:
𝐃𝐮𝐛𝐚𝐢 အိမ်ခြံမြေနဲ့ပတ်သက်သည်များကို 𝐃𝐮𝐛𝐚𝐢 𝐋𝐚𝐧𝐝 𝐃𝐞𝐩𝐚𝐫𝐭𝐦𝐞𝐧𝐭 (𝐃𝐋𝐃) နဲ့ 𝐑𝐞𝐚𝐥 𝐄𝐬𝐭𝐚𝐭𝐞 𝐑𝐞𝐠𝐮𝐥𝐚𝐭𝐨𝐫𝐲 𝐀𝐠𝐞𝐧𝐜𝐲 (𝐑𝐄𝐑𝐀) မှ တင်းတင်းကျပ်ကျပ်ကြီးကြပ်ပေးထားလို့ ဝယ်ယူသူတွေရဲ့ အခွင့်အရေးကို အပြည့်အဝ ကာကွယ်ပေးထားပါတယ်။

၁၃။ ငွေပေးချေမှု ပုံစံမျိုးစုံရှိခြင်း:
လက်ငင်းငွေချေစနစ်၊ ဘဏ်ချေးငွေစနစ်နှင့် အိမ်ဆောက်လုပ်ဆဲကာလအတွင်း အရစ်ကျပေးချေနိုင်သည့်စနစ် စသည့်လိုက်လျောညီထွေရှိသော ငွေပေးချေမှုပုံစံများစွာ ရှိနေခြင်းကြောင့် ရင်းနှီးမြှုပ်နှံသူတိုင်း မိမိတို့၏ ဘတ်ဂျက်အလိုက် အဆင်ပြေချောမွေ့စွာ ဝယ်ယူနိုင်ပါသည်။

၁၄။ ဆန်းသစ်သောဒီဇိုင်းနှင့် နည်းပညာ:
ခေတ်ရှေ့ပြေးသော ဗိသုကာလက်ရာများ၊ ရေရှည်တည်တံ့မှုနှင့် နည်းပညာမြင့်မားမှုတို့ကို အလေးထားသော စီမံကိန်းများဖြစ်တာကြောင့် မြင့်မားသော အကျိုးအမြတ်နှင့် ရေရှည်တန်ဖိုးတက်လာမှုကို ရရှိနိုင်မှာဖြစ်ပါတယ်။

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များရဲ့ လုံခြုံစိတ်ချရတဲ့ ရင်းနှီးမြှုပ်နှံမှု နိဗ္ဗာန်ဘုံဖြစ်လာသည့် 𝐔𝐀𝐄

ယနေ့ခေတ်ရဲ့ကမ္ဘာ့နိုင်ငံရေးနှင့် စီးပွားရေး မတည်ငြိမ်မှုများကြားမှာ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များအနေနဲ့ ၎င်းတို့ရဲ့မိသားစုများနဲ့ ပိုင်ဆိုင်မှုများကို လုံခြုံစိတ်ချရတဲ့နေရာများသို့ရွှေ့ပြောင်းဖို့ အပြိုင်အဆိုင် ကြိုးစားလာခဲ့ကြပါတယ်။
တည်ငြိမ်မှု၊ ခိုင်မာသောဘဏ္ဍာရေးစနစ်များနဲ့ ရေရှည်လုံခြုံရေးတို့ကိုပေးစွမ်းနိုင်တဲ့နေရာများကို အဓိကထားရွေးချယ်လာကြသည့်အပြင် "နိုင်ငံသားဖြစ်ခွင့်" ဆိုတာကို ရိုးရိုးနေထိုင်ခွင့်ထက် ပိုပြီး "တန်ဖိုးရှိတဲ့ပိုင်ဆိုင်မှု (𝐀𝐬𝐬𝐞𝐭)" တစ်ခုအဖြစ်သတ်မှတ်လာကြတာဖြစ်ပါတယ်။
ဒါကြောင့် ကမ္ဘာ့ချမ်းသာကြွယ်ဝသူများကြားမှာ နိုင်ငံရွှေ့ပြောင်းခြင်းဟာ ယခုဆယ်စုနှစ်ရဲ့ အကြီးမားဆုံးစီးပွါးရေးလမ်းကြောင်းများ တစ်ခုဖြစ်လာခဲ့ပါတယ်။
အခုလိုနိုင်ငံရွှေ့ပြောင်းကြရာမှာ 𝐔𝐀𝐄 နိုင်ငံဟာ နံပတ် (၁) ရွေးချယ်ခံရမှုအများဆုံးနိုင်ငံအဖြစ် ဗိုလ်စွဲလျက်ရှိလို့နေပါတယ်။

 ဘာကြောင့် 𝐔𝐀𝐄 ကိုရွေးချယ်မှုအများဆုံးဖြစ်နေရတာလဲ?

စံချိန်တင်ရွှေ့ပြောင်းမှု:
၂၀၂၅ ခုနှစ်အတွင်းမှာတင် 𝐔𝐀𝐄 နိုင်ငံဟာ ကမ္ဘာတစ်ဝှမ်းမှ သန်းကြွယ်သူဌေးပေါင်း ၉,၈၀၀ ကျော်ကို ဆွဲဆောင်နိုင်ခဲ့ပြီး ဒါဟာ ကမ္ဘာ့အမြင့်ဆုံးစံချိန်တစ်ခုဖြစ်ပါတယ်။

အခွန်ကင်းလွတ်ခွင့်:
ဝင်ငွေခွန် (𝐏𝐞𝐫𝐬𝐨𝐧𝐚𝐥 𝐈𝐧𝐜𝐨𝐦𝐞 𝐓𝐚𝐱)၊ ကြွယ်ဝမှုခွန် (𝐖𝐞𝐚𝐥𝐭𝐡 𝐓𝐚𝐱) နဲ့ အမြတ်ခွန် (𝐂𝐚𝐩𝐢𝐭𝐚𝐥 𝐆𝐚𝐢𝐧𝐬 𝐓𝐚𝐱) တွေ မရှိခြင်းက ရင်းနှီးမြှုပ်နှံသူများအတွက် အကြီးမားဆုံး ဆွဲဆောင်မှုပါ။

𝐆𝐨𝐥𝐝𝐞𝐧 𝐕𝐢𝐬𝐚 အစီအစဉ်:
𝐔𝐀𝐄 ရဲ့အိမ်ခြံမြေမှာ ရင်းနှီးမြှုပ်နှံမှုလုပ်ရုံနဲ့ ရရှိနိုင်မယ့် မိသားစုတစ်ခုလုံး ရေရှည်နေထိုင်ခွင့် (𝐆𝐨𝐥𝐝𝐞𝐧 𝐕𝐢𝐬𝐚) ဟာ အနာဂတ်အတွက် အကောင်းဆုံး အာမခံချက်ဖြစ်လာပါတယ်။

လုံခြုံမှုနဲ့ တည်ငြိမ်မှု:
𝐔𝐊 နိုင်ငံမှသန်းကြွယ်သူဌေး ၁၆,၅၀၀ ကျော် ထွက်ခွါခဲ့ပြီး ဥရောပနဲ့ 𝐔𝐊 လို နိုင်ငံများမှာ မူဝါဒအပြောင်းအလဲများကြောင့် ထွက်ခွါနေကြချိန်တွင် 𝐔𝐀𝐄 ရဲ့ ခိုင်မာတဲ့ တရားဥပဒေနဲ့ စီးပွါးရေးလုပ်ငန်းရှင်များအတွက် အဆင်ပြေစေမည့် စီးပွါးရေးစနစ်တို့က ယုံကြည်မှုကို ပေးစွမ်းစေတာဖြစ်ပါတယ်။

ဗဟိုချက်ကျတည်နေရာ:
𝐔𝐀𝐄 နိုင်ငံဟာဆိုရင် အာရှ၊ ဥရောပ နဲ့ အာဖရိက တိုက်ကြီး (၃) ခုရဲ့ ဆုံမှတ်နေရာတွင်တည်ရှိခြင်းကြောင့် ကမ္ဘာ့ကုန်သွယ်ရေးနဲ့ စီးပွါးရေးလုပ်ငန်းများအတွက် အချက်အချာကျတဲ့တည်နေရာကိုပိုင်ဆိုင်ထားတာဖြစ်ပါတယ်။
 

633886190_122200162472441208_7008421139411350286_n.jpg

ကမ္ဘာ့လူချမ်းသာများရဲ့ ပိုင်ဆိုင်မှုရွှေ့ပြောင်းခြင်းလမ်းကြောင်းကို နားလည်ခြင်းကနေ စမတ်ကျတဲ့ ရင်းနှီးမြှုပ်နှံမှုတွေဟာ ဘယ်ကို ဦးတည်နေသလဲဆိုတာကို ကြိုတင်မြင်နိုင်စေမှာဖြစ်ပြီး အခုလိုအကြောင်းအရာများကြောင့် အိမ်ခြံမြေရင်းနှီးမြှုပ်နှံသူများအနေနဲ့  နိုင်ငံတကာမှ ဝယ်လိုအား တရိပ်ရိပ် မြင့်တက်လာခြင်း

 အချက်အချာကျသော မြို့ကြီးများတွင် ခိုင်မာသော အိမ်ငှားရမ်းခ ဈေးကွက်ရှိခြင်း

 ရေရှည်တွင် ပိုင်ဆိုင်မှုတန်ဖိုးများ သိသိသာသာ မြင့်တက်လာနိုင်သည့် အလားအလာ အစရှိတဲ့ အခွင့်အလမ်းကောင်းများစွာရရှိလာစေမှာဖြစ်ပါတယ်။

မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေဟာ ပြည့်စုံတဲ့ဗဟုသုတတွေပေါ်မှာ အခြေခံတာကြောင့် 𝐔𝐀𝐄 ရဲ့ အိမ်ခြံမြေဈေးကွက်အလားအလာများနဲ့အတူ မိတ်ဆွေတို့ရဲ့ ခိုင်မာပြီးစမတ်ကျတဲ့ရင်းနှီးမြှုပ်နှံမှုများအတွက် အသေးစိတ်ဆွေးနွေးတိုင်ပင်လိုပါက ကျွန်တော်တို့ 𝐒𝐀𝐀𝐂 𝐈𝐧𝐯𝐞𝐬𝐭𝐦𝐞𝐧𝐭𝐬 𝐏𝐭𝐞 𝐋𝐭𝐝 အချိန်မရွေး ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ။

bottom of page